Burma Bus

About Project

လိုင်းကားစီးသူများအတွက် ကားလမ်းကြောင်းနှင့် real-time လိုင်းကားတည်နေရာများကိုသိရှိနိုင်ပြီး မိမိစီးမည့်မှတ်တိုင်သို့ ဘယ်ကားနံပါတ်က ဘယ်အချိန်တွင်ရောက်ရှိမည်ကို အတိကျသိရှိနိုင်သည့်အပြင် အကြွေဆောင်စရာမလိုဘဲ ဖုန်းကတဆင့်ငွေဖြည့်ပြီးငွေပေးချေနိုင်မယ့် RTP feature သုံးမျိုးလုံးကို တနေရာထဲတွင်ရရှိနိုင်မည့် application ဖြစ်သည်။
We aim to offer suitable, beginner-friendly and easy-to-use type of mobile application which will be 100% free and can be widely used by all the passengers who ride YBS in Yangon. There are neither difficult functions nor problems causing elder people or some people who mostly aren’t very familiar with the technology.

လိုင်းကားလမ်းကြောင်းနှင့်မှတ်တိုင်တွင်စီးနိုင်မည့်ကားများဖော်ပြခြင်းသည် သာမာန် bus app များမှာတွေ့နိင်ပေမယ့် ကျွန်တော်/ကျွန်မတို့ BURMA BUS app တွင် တမူထူးခြားသော Payment feature တခုပါဝင်ပါတယ်။ BURMA BUS မှထုတ်လုပ်သော bus card သာမက YPS ရဲ့ကတ်ကိုလဲ ကျွန်တော်တို့ application တွင် KPay AYA Pay နှင့်အခြားသာ mobile banking များမှတဆင့် လွယ်လွယ်ကူကူ လျင်လျင်မြန်မြန်ဖြင့် မိမိရဲ့ဖုန်းတလုံးထဲဖြင့် ကတ်ထဲငွေဖြည့်ပြီးလိုင်းကားစီးနိုင်ပါပြီ။ ခက်ခက်ခဲခဲနဲ့ agent များစီကိုကိုယ်တိုင်သွားရောက်စရာလုံးဝမလိုအပ်ဘဲ agent ကပိတ်ထားလို့သော်လည်ကောင်း၊ ပိုက်ဆံဖြည့်မရတော့လို့ တခြား agent ကိုတကူးတကသွားရောက်ရတာမျိုးတွေ မရှိတော့တဲ့အပြင် အကြွေပြဿနာကိုလဲအကောင်းဆုံးဖြေရှင်းပေးနိုင်ပါသည်။
ဒါ့အပြင် ရန်ကုန်မှာလိုင်းကားစီးလျှင် ကားစောင့်ရင်းအချိန်ကုန်သွားရတဲ့ပြဿနာများကို လိုင်းကားစီးသူတိုင်းကြံဖူးကြပါတယ်။ ဒါပေမယ့် BURMA BUS app ကိုအသုံးပြုလိုက်မယ်ဆိုရင်တော့ Time feature တခုဖြစ်တဲ့ စီးချင်တဲ့ကားတိုင်းရဲ့မှတ်တိုင်ကိုလာချိန်အတိအကျကို real-time ကြည့်နိင်မှာဖြစ်ပြီး ကျောင်းသားများ အလုပ်သွားရသူများနဲ့ အရေးကြီးချိန်းထားသောသူများအတွက် လိုင်ကားစီးချိန်မှာ app ကိုဖွင့်ပြီး မှတ်တိုင်ကိုဘယ်ချိန်ရောက်မယ့်ကားအတွက် ဘယ်လောက်ကြိုတင်ထွက်နိုင်လဲဆိုတာကို သေချာတွက်ချက်နိုင်တော့ ကားမမှီတာမျိုးတွေ၊ သွားရမယ့်အချိန်နောက်ကျတာမျိုးတွေမဖြစ်တော့ဘဲ စိတ်အေးအေးနဲ့ကားစောင့်နိုင်မှာဘဲဖြစ်တယ်။
နောက်ဆုံး feature တခုဖြစ်တဲ့ Route feature ဟာဆိုရင် ခုမှလိုင်းကားစစီးချင်သူများအတွက် အလွန်အထောက်အကူဖြစ်နိုင်ပြီး facebook group တွင်လူအများကိုတကူးတကလိုက်မေးမြန်းစရာမလိုဘဲ မှတ်တိုင်မသိရင်တောင်မှ ကိုယ်ရှိနေသောမြို့နယ်ကိုရိုက်ထည့်ရုံဖြင့် ရှိသမျှသောမှတ်တိုင်များကိုကြည့်ရှုနိုင်ပါတယ်။ ဒါမှတဆင့် ကိုယ်နှင့်နီးတဲ့မှတ်တိုင်ကိုရွေးပြီး ဘယ်ကားတွေရောက်တယ်ဆိုတာကို တိတိကျကျသိရှိနိုင်ပါတယ်။ အကယ်၍ကိုယ်က စီးရမယ့်မှတ်တိုင်နဲ့ ဆင်းရမယ့်မှတ်တိုင်ကိုသိနေရင်တော့ ဒီမှတ်တိုင်နှစ်မျိုးကိုရိုက်ထည့်ရုံနဲ့ ဘယ်ကားစီးပါ၊ ဘယ်နှဆင့်စီးပါ ဆိုပြီး တိကျစွာနဲ့ အချိန်ကုန်သက်သာပြီးပိုလျင်မြန်နိုင်စေမယ့်လမ်းကြောင်းများကိုဘဲ ဖော်ပြပေးမှာဘဲဖြစ်တယ်။
Therefore in general, we have three main focuses that will solve a lot of YBS passengers’ daily problems such as Route, Time and Payment. Route provides full detailed information about the buses for passengers who have just started riding. Time will give real-time data on when the bus will arrive to specific bus stops which will become a huge help and benefit for passengers who don’t want to waste their times waiting for the bus to come, especially the rare bus numbers that only come to the bus stop one time in two (or) three hours. Lastly, Payment allows refilling the bus card whether YPS card (or) our BURMA BUS card just by having a phone and mobile banking account. Through our BURMA BUS app, we can easily refill our bus card by entering the payment function and by clicking on multiple options of mobile banking without the need to go to YBS agents.

Project Video


Project Screenshots